About Us

Future Work Co.,Ltd

ကုမ္ပဏီ၏အမှာစကား

ကျွန်ုပ်တို့ FUTURE WORK Co.,Ltd. သည် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ပေးသည့်ပေါင်းကူး တံတားတစ်ခုအဖြစ် ပြည်ပအလုပ်အကိုင်အကျိုးဆောင်ဝန်ဆောင်မှု လုပ်ငန်းကိုလုပ်ဆောင်နေပါသည်။

ဂျပန်နိုင်ငံမှာ အလုပ်အကိုင်အတွေ့အကြုံရှိပြီး အာရှတိုက်တွင် အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်လူမျိုး၏နွေးထွေးတဲ့ဆက်ဆံမှု၊ ရိုးသားတဲ့စိတ်ဓါတ်တို့ဖြင့် ဂျပန်လူမျိုးများစွာနဲ့ အတူလက်တွဲခဲ့သည်ကို အမှတ်ရမိပါသည်။

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများသည် လုပ်သားရှားပါးမှုကြောင့်လုပ်ငန်းခွင်တွင် အခက်အခဲများရှိလာသည့်အတွက် ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် တစ်ဖက်တစ်လမ်းမှဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းတစ်ရပ်အဖြစ်မြင်တွေ့နေရပါသည်။

မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန် အခက်အခဲရှိနေသူများကို ဂျပန်နိုင်ငံသို့ စေလွှတ်ပြီး လုပ်ငန်းအတွေ့အကြုံများ၊ နည်းပညာများကို လေ့လာဆည်းပူးလုပ်ကိုင်စေချင်ပါသည်။

ထို့အတွက်ကြောင့် ဂျပန်နိုင်ငံ၏ လူမှုရေး၊ ယဥ◌်ကျေးမှု၊ ဘာသာစကားများကို သိရှိရန်နှင့် အလုပ်အကိုင်၊နည်းပညာ၊အတွေ့အကြုံရရှိစေရန် ၂၀၂၀ခုနှစ်တွင် ဂျပန်နိုင်ငံရှိ NICHIMEN COPORATION နှင့် လက်တွဲလုပ်ဆောင်ခဲ့ပါသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လုပ်ငန်းနှင့် ပတ်သက်၍ အခက်အခဲများ၊ သိရှိလိုသောအကြောင်းအရာများရှိပါက ဂျပန်နိုင်ငံရှိ ဂျပန်အခြေစိုက်ကုမ္ပဏီ၏ တာဝန်ခံများနှင့် ဂျပန်ဘာသာဖြင့်၎င်း၊ မြန်မာနိုင်ငံရှိ future work Co.,Ltd. ၏ တာဝန်ခံများထံ ဆွေးနွေးတိုင်ပင် မေးမြန်းနိုင်ပါသည်။